Posted by
burmaaffairs
- Get link
- X
- Other Apps

အဘယ်သို့သော ရွှေဥာဏ်တော်စူးရောက်၍ စောက်ရူးများမှ တင်ပြ ထောက်ခံလိုက်သည်မသိသော နိုင်ငံရေး ပင်စင် ကိစ္စကြီး တိုင်းပြည်အား ဖိစီးလာသည်။
နိုင်ငံတော် ပြည်သူပြည်သားများ ပိုင်ဆိုင်သော နိုင်ငံတော် ငွေဖြင့် လူဆိုး လူမိုက် လူရမ်းကား လူလိမ် လူ့ခွစာ လူမပီသသူများကိုဖြင့် နိုင်ငံတော်နိုင်ငံရေးပင်စင်လာစာ တလုံးနှင့် တခဲ ပေးကြရမည်ဟု လွှတ်တော် (၃) ၇ပ်လုံးမှ အမိန့်ချမှတ်တော်မူလေ၏။
သို့ဆိုလျင် စာရေးသူ အချက်လက်ဖြင့် ထောက်ပြမည်။
ယခု အဆိုပါ သိန်းပေါင်းသန်းပေါင်း များစွာသော ငွေများအား ပေးကြရမည်မှာ သိန်း ၃၀ မှ သိန်း ၂၀၀ အထိ လူတစ်ဦးလျင် ခံစားခွင့်ရကြမည် ဖြစ်ကြောင်း သိရ၏။
အဆိုပါ လူများ တိုင်းပြည်အတွက် အဘယ်ရာများ လုပ်ဆောင်ခဲ့ကြ၍ ဤမျှ များပြားသော ငွေများကို ပေးလိုက်သင့်သနည်း ဆိုသော မေးခွန်းများ တိုင်းပြည်အ၀ှမ်း ပွက်လောညံ ရိုက်ခတ်နေလေသည်။
ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် တိုင်းပြည်အတွင်းရှိ လူတန်းစာ အလွှာ အသီးသီးအတွက် ဘာများ မယ်မယ်ရရ ဆောင်ရွက်ခဲ့သနည်း
ဟုတ်ပါသည် ၄င်းတို့ ဆောင်ရွက်ခဲ့ကြပါသည် ၄င်းတို့ ဆောင်ရွက်ပုံများကတော့ဖြင့် ဂန္ဘီယ မဆန် လျှို့ဝှက်မှု မရှိသည့် ဆောင်ရွက် ချက်များကိုသာ ပြောရမည်။
(၁) တိုင်းပြည်အ၀ှမ်း မြေဧကပေါင်း စာရင်းအရ (၆ သန်း) ၄ သောင်း ၃ ထောင် နှစ်ရာအား ပေါ်ပေါ်တင်တင်ပင် မကျူးကျော်ရ မှတ်တိုင်များ စိုက်၍ ဓားမြတိုက်လိုက်ကြသည်
အငှားပြန်ချသည် သီးစားကာလအလိုက် ပြန်ငှားသသည် အကွက်ရိုက်၍ ရောင်းသည် ယာယီစမ်းသပ် စိုက်ကွင်းဟု နာမည်တပ်ကာ ခြံခတ်သည် ထိုနောက် အရှေ့နောက် တရုတ်ကုလားများအား မြေဂရမ် ဖြင့် အမေ၇ိကန် အိမ်ဖြူတော် ပေါက်ဈေးဖြင့် ရောင်းချ၍ အိပ်ထဲသို့ ထည့်လိုက်ကြသည်……လွှတ်တော်တွင်းမှ လင်းတများ အအေးလွှတ်ထားသော ခန်းမ အတွင်းဝယ် အိပ်နေကြသည် လောက အပြင်တွင် ပွက်လောရိုက်၍ ငရဲပြည်တမျှ ဆူပွက် နေသည်ကို မသိချင်ယောင်ကာ အဆိုပါ ပြသနာ အားလုံးတို့အား အိမ်မက် ပမာ ထားခဲ့ကြ၏။
(၂) ၂၀၁၁ ခုနှစ် ဇွန်လမှ စတင် လိုက်သောပြည်တွင်းစစ်ဖြစ်ပွားမှုသည် ၂၀၁၅ ခုနှစ်အထိ အကြိမ်ရေပေါင်း ၄၆၆ ကြိမ် ရှိခဲ့ကြောင်း ကာကွယ်ရေးဌာန၏ မှတ်တမ်းပြုစုထားချက်အရ သိရသည်။
တိုက်ပွဲများအတွင်း ကျ ဆုံးစစ်သည် လေးထောင် တစ်ရာ နှစ်ဆယ်ငါးယောက် (၄၁၂၅) ဖြစ်သည်။ ဒဏ်ရာရ စစ်သည် နှစ်သောင်း သုံးထောင် ခုနှစ်ရာ ရှစ်ဆယ်တစ်(၂၃၇၈၁)ဦး ဖြစ်ကြောင်းသိရသည်။
သက်ဆိုင်ရာ ဒေသအလိုက် ကရင်ပြည်နယ် ကချင်ပြည်နယ် ရှမ်းပြည်နယ် ( မြောက် နှင့် တောင်)ပိုင်းများ ၊ ကိုးကန့်ဒေသ ၊ ကယားပြည်နယ် ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် စသောနေရာ ဒေသအလိုက် စာရင်းများအရ (ဒုက္ခသယ်ပေါင်း) လေးသိန်း ခြောက်သောင်း သုံးထောင် ကျော်ဟု သက်ဆိုင်ရာ ဒေသအလိုက် တင်ပြချက်များအား နိုင်ငံတကာ ရွေ့ပြောင်း ခိုလှုံမှု အား စောင့်ကြည့်ရေးအဖွဲ့မှ မှတ်တမ်းတင်သည်။
အဆိုပါ ဒုက္ခသယ်များအရေးနှင့် ပြည်တွင်းစစ်မီး ငြိမ်းသတ်အပီးပြတ်ရေးအတွက် လွှတ်တော် သုံးရပ်လုံးတွင် လင်းတများမှာ မျက်ကျောကလေးများ စင်း၍ အိမ်မက်အလားပင် မှတ်ယူကာ စက်တော်ခေါ် ကျော်လွန်ခဲ့ကြပြန်သည်။
(၃) ၂၀၁၁ ခုနှစ်မှ ယနေ့အထိ စစ်ပွဲဖြစ်ရာတိုင်းရင်းသား ဒေသနှင့် မြို့ပြအချို့နေရာများတွင် စစ်ဘက်ဆိုင်ရာဝန်ထမ်းများမှ အဓမ္မ မုဒိမ်းကျင့်ဘလက်ကာယ ပြုခဲ့သော အမှုပေါင်း ( ၅၆၂) မှု ရှိကြောင်း အစိုးရမဟုတ်သော လူမှုကူညီရေ အသင်းဖွဲ့ပေါင်း (၃၄) ခု၏ ထုတ်ပြန်ချက်အရ သိရပြီး အရပ်ဘက်တွင် ဖြစ်ပွားသော အရပ်သား မုဒိမ်းမှုပေါင်း (သုံးသောင်းလေးထောင်) ကျော် ရှိခဲ့ကြောင်း ပြည်ထဲရေး မှတ်တမ်းအရ သိရပြန်သည်။ လွှတ်တော်သုံးရပ်လုံး မျက်စေ့စုံမှိတ်၍ အအေးခန်းထဲတွင် အိပ်ပျော်ကာ စက်တော် ခေါ်နေခဲ့ကြသည်။
(၄) နိုင်ငံအတွင်းရှိ သူခိုး ၀န်ကြီးဌာန ၁၈ ခု မှ ကာလ တန်ဘိုးအရ အမေရိကန် ဒေါ်လာ သန်းပေါင်း ( နှစ်ထောင်) ကျော်မျှ ပြည်သူများ၏ ရပိုင်ခွင့်ွှ များအား လတ်စားခြင်း အလွဲသုံးစားလုပ်ခဲ့ခြင်းများ အတိလင်း ရှိခဲ့သော်လည်း လွှတ်တော် သုံးရပ်လုံးမှ သာဓုခေါ် ရေစက်ချကာ မေ့ပျောက်ပေးလိုက်ကြ၏။
(၅) ၂၀၁၁ ခုနှစ်မှ လက်ရှိ ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး အမျိုးပေါင်း ၃၁ မျိုး အပြင် အခြားသော အမည်ဖေါ်ရခက်ခဲသည့် မူးယစ်အရည်များ မှာ တနှစ်လျင် ( ၅) ဆမှ ( ၇) ဆအထိထုတ်လုပ်မှု ရောင်းဝယ်မှု ကုန်ကူးသန်းမှု မြင့်တက်လာနေကြောင်း နှင့် နိုင်ငံအတွင်းနှင့် နိုင်ငံအပြင် ဒေသအတွင်း ဖမ်းမိသော တန်ဘိုးမှာ အဆိုပါ (၅) နှစ်အတွင်း အမေရိကန်ဒေါ်လာ ( ၁၈) ဘီလီယံနီးပါးထိရှိကြောင်း နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု စောင့်ကြည့်ရေး ဌာနမှ အတိလင်း ပြောထားတောင်မှပင် လွှတ်တော်သုံးရပ်လုံး ဘိန်းစားများ အသွင်းဖြင့် နောက်ကျော်ကလေး အမှီနှင့် မှိန်းနေခဲ့ကြပြန်သည်။
(၆) မြန်မာနိုင်ငံအတွင်း ကလေးသူငယ်များအား တရားမ၀င် ခိုင်းစေမှု ညှင်းပမ်းနှိပ်စက်မှု ပေါင်း (၅) နှစ်အတွင်း ( ၄၂၁၀) မှု ရှိခဲ့ပြီး လူကုန်ကူးခံရသူ မိန်းသားနှင့် ခလေးငယ်ပေါင်း ပြောက်ဆုံးမှု တရားဝင် တိုင်းတန်းချက်( ၆၅၂၂) ဦးထိရှိခဲ့ပြီး အန်ဂျီအိုအဖွဲ့များ၏ ထုတ်ပြန်ချက်အရ ( ၄၈၉၀၀) ကျော် ရှိခဲ့ကြောင်း ထုတ်ပြန်ထားပြီး အဆိုပါ တရားမ၀င် လူကုန်ကူးခြင်း အရွယ်မရောက်ပဲ အဓမ္မ ခိုင်းစေခြင်းအား အဆိုပါ လွှတ်တော် အမတ်မင်းကြီးများ တည်ရှိရာ နေပြည်တော်တွင်ပင်လျင် ရှိနေသော်လည်း မသိလိုက်ဘာသာ မျက်နှာလွဲခဲ့ကြပြန်သည်။
(ရ) လက်ရှိ ၂၀၁၁ ခုနှစ်မှ စ၍ ၂၀၁၅ ဒီဇင်ဘာအထိ မတရားဖမ်းဆီးခဲ့သော အမှုပေါင်း ( ၂၈၄၄) မှု ရှိပြီး လွှတ်ငြိမ်းဖြင့် ပြန်လည် လွှတ်မြောက်ခြင်း မရှိသော အဓမ္မဖမ်းဆီး အရေးယူခံရသူပေါင်း ( ၇၄၄)ယောက် အကျ ဉ်းထောင်များအတွင်း ၇ှိနေပြီး ဆက်လက်၍ ဖမ်းဆီးထိမ်းသိမ်းထားသော ဒေသ အသီးသီး တက္ကသိုလ် ကျောင်းအသီးသီးမှ ကျောင်းသားကျောင်းသူပေါင်း နှင့် ၄င်းတို့အား ထောက်ပံ့အားပေးသူ ( ၂၄၁)ယောက်အား အမှုပေါင်း ၁၄ မှုမှ ၇၈ မှု အထိ ဖွင့်ကာ မတရားရုံးများတွင် ပြည်ထဲရေးဌာနမှ အမှူးပြုကာ အကျဉ်းဦးစီးဌာနနှင့် ပေါင်းဖက် နှိပ်စက်နေခြင်းတို့အား လွှတ်တော်ထဲတွင် ပြောဆိုကန့်ကွက် တင်ပြခြင်းမရှိကြောင်းပါ…
ဆက်လက် ဖေါ်ပြရန် အချက်လက်များ ( ၅) နှစ်တာအတွင်း ဖြစ်ပုံ ပျက်ပုံတို့အား စာရင်းပြုစုနေပါသည်..
သို့သော် ယခု လွှတ်တော်အား ကျောခိုင်းထွက်သွားကြမည့် အများအကျိုး ပြည်သူ့အကျိုး အမှန်တကယ် မသယ်ပိုးခဲ့သူများအား တသက်တာ နိုင်ငံရေး ခံစားခွင့် ပင်စင် ငွေ အမြောက်အများ ပြည်သူ့ရပိုင်ခွင့်များအတွင်းမှ ပေးသင့် မပေးသင့် ကတော့ဖြင့် အထက်တွင် မိမိရသမျှ အချက်လက်များကို ကြည့်ခြင်းအားဖြင့် ရေစက်ချ ကူတိုးခ ထည့်သွင်းပေးရမည် ဖြစ်ကြောင်းပါ….
အချက်လက် အခိုင်မာဖြင့် တင်ပြထားခြင်း ဖြစ်သည်
ကျေးဇူးတင်ပါ
ဂိုလ်ရှယ်လေး
Comments